ပြန်လာခဲ့ပါ သူငယ်ချင်းရယ်
ကျွန်တော်တို့ တိုင်းပြည်မှာ အဂတိလိုက်စား ၊ မသမာမူ့ တွေရှိနေပေမယ့် 
ကျွန်တော်တို့ လူမျိုးတွေက ရိုးသားဖော်ေ၇ွတတ်ပါတယ်းးးးးးးး
ပြန်လာခဲ့ပါသူငယ်ချင်းရယ်
ကျွန်တော်တို့ တိုင်းပြည်လေးမှာ ရေမီးစုံအောင် ၂၄နာရီမလာပေမယ့် 
လမ်းဘေးက ရေအိုးစင်တွေမှာ
ရေအပြည့် ရှိတတ်ပါတယ်းးးးးးးးးးး
ပြန်လာခဲ့ပါ သူငယ်ချင်းရယ်
ကျွန်တော်တို့ တိုင်းပြည်လေးမှာ မော်ကြွားစော်ကားမူ့ တွေရှိပေမယ့် 
ကျွန်တော်တို့ လူမျိုးတွေက ရိုးကျိုးနှိမ်ချ ဆက်ဆံတတ်ကြပါတယ်းးးးးးးးးးးး
ပြန်လာခဲ့ပါ သူငယ်ချင်းရယ်
ကျွန်တော်တို့ တိုင်းပြည်လေးမှာ ငတ်ပြတ်လို့ စုတ်ပြတ်နေပေမယ့် 
ကျွန်တော်တို့ လူမျိုးတွေက အလှူရေစက် လက်နဲ့ မကွာရှိတတ်ကြပါတယ်းးးးးးးးးးး
မင်းပြောပြတတ်တဲ့  နိုင်ငံကြီးအကြောင်းကို
ငါ မက်မောပါတယ်
ေ၇မီးထိန်လင်းစွာနဲ့  လှပနေတတ်တဲ့  ဥယျာဉ်ကြီးတွေ
မိုးပြာရောင်နောက်ခံအောက်က အဆောက်အဦးကြီးတွေ
ကလေးကအစ Hello ဆိုတဲ့ အကြောင်းတွေ
မင်းပြောပြတိုင်း ငါမက်မောပါတယ်
ဒါပေမယ်------- သူငယ်ချင်းရယ်
ကျွန်တော့်ကို *ချစ်ရင်* ကျွန်တော်တို့  တိုင်းပြည်လေးကိုပြန်လာခဲ့ပါနော်းးးးးးးးးးး
ဝင်းလက်ပြိုးပြက်နေတဲ့  မှန်ခန်းထဲက
ကာပူချီနို ထက်
အမိုးအကာမဲ့  သစ်ပင်အောက်လက်ဖက်ရည်ဆိုင်က
အကြမ်းရေကို ငါမက်မောတယ်းးးးးးးးးးးး
မက်ဒေါနယ်နဲ့  ကိုကာကိုလာကို
မင်းသောက်နေချိန်မှာ
ဘူးသီးကြော်နဲ့  ဆလတ်ရွက်ကို ငါသဘောကျတယ်းးးးးးးးးးးး
အသားညပ်ပေါင်မုန့် ထက်
ငါးပိရည်နဲ့  ထမင်း လူးစားရတာကို
ငါကျေနပ်တယ်းးးးးးးးးး
ချဉ်ပေါင်နဲ့  ၀က်သားမလဲနိုင်သလို
ဘာလီကျုကိုလည်း ပုန်းရည်ကြီးနဲ့ 
ကျွန်တော် မလဲနိုင်ခဲ့ပါဘူးးးးးးးးးးးးးးးးး
ဒါပါပဲးးးးးးးးးးးးးးသူငယ်ချင်းရယ်
နောက်ဆုံး
ပတ်ဗလိုနီရူဒါ ပြောသလို ကျွန်တော်ကလည်း
! ငါ့ တိုင်းပြည်က သစ်မြစ်လေးကိုတောင် ငါချစ်တယ် !
ကျွန်တော်က မြန်မာပြည်မှာမွေး ၊ မြန်မာပြည်မှာကြီးတော့ 
မြန်မာပြည်မှာနေရတာ အသားကျပြီး ပျော်မွေ့ နေပါပြီ
ဗုဒ္ဓ ဘာသာ ထွန်းကားတဲ့ တိုင်းပြည်ကြီးတစ်ခုမှာ မွေးဖွားခဲ့ တာကိုပဲ
ကျွန်တော် ကျေနပ်တယ်းးးးးးးးးး
ေ၇ွှရောင်လွမ်းနေတဲ့  သာသနာမြေဟာတော့  *မင်း*ရဲ့ မွေးရပ်မြေဆိုတာကိုဘယ်တော့ မှမမေ့ ပါနဲ့ နော်းးးးးးးးးးးးး
(
Friday, April 30, 2010
ပြန်လာခဲ့ပါ သူငယ်ချင်းရယ်
Posted by ပိုင်ကြီး on 11:50 AM
0 comments:
Post a Comment