ချယ်ရီပွင့်ဝေ တကက္ကသိုလ်မြေတွင်
ပညာသင်ကြား ညီနောင်များသည်
ဟိုစဉ်ကာလ မသိခဲ့သော်လည်း
မြစ်လက်တက်ပမာ ဆုံဆည်းကြကာ
ယခုမှသိ ကျွမ်းဝင်မိပြီး
ညီရင်းအကိုပမာ သွေးစည်းစွာဖြင့်
နေ့စဉ်ဆောင်ရွတ် တာဝန်ရပ်(သင်ခန်းစာ)များ
စတင်ကြလေပြီ...............
နေမှလသို့ လမှနှစ်သို့
ရာသီအလီလီ ပြောင်းလေခဲ့လေပြီ
သို့ဝယ်ချိန်ခါ အမီတက္ကသိုလ်မှ
သုံးနှစ်သင်ကြား ညီနောင်များကို
စစ်နှင့်စာပေ ပညာပြည့်စုံ
နိုင်ငံဂုဏ်ကို
ဆထက်တဘိုး ရွတ်သယ်ပိုးဟု
ရွယ်ရည်လေကာ
ဌာနေအသီးသီးသို့ စေလွတ်ခဲ့လေပြီ
မြစ်တစ်စင်းပမာ ဆုံဆည်းကာ
ချောင်းလက်တက်များပမာ ခွဲခွာခဲ့သော်လည်း
ဗိုလ်လောင်းချိန်ခါ ထိုသမယများကို
စိတ်ဝယ်မျော်ရည် ဘယ်အခါမမေ့ပြီ
တကွေ့ဝယ်တွေ့လျှင်ဖြင့်
ခင်မင်စွာ ၊ ရင်းနှီးစွာ
ပြန်လည်ဆုံဆည်းကြပါသည်။
(ဒီကဗျာလေးကို သူငယ် ချင်းကိုစစ်မင်းနွယ်ရေးထားတာပါ....သူဆီကတောင်းတင်ပေးထားတာပါ)
Friday, April 30, 2010
အလွမ်းမပြေတက္ကသိုလ်မြေ.......
Posted by ပိုင်ကြီး on 12:09 PM
0 comments:
Post a Comment