Friday, April 30, 2010

ကျောင်းဆင်းပွဲအထိမ်းအမှတ်ဗီဒီယိုဖိုင်များ




အလွမ်းမပြေတက္ကသိုလ်မြေ.......


ချယ်ရီပွင့်ဝေ            တကက္ကသိုလ်မြေတွင်
ပညာသင်ကြား         ညီနောင်များသည်
ဟိုစဉ်ကာလ             မသိခဲ့သော်လည်း
မြစ်လက်တက်ပမာ     ဆုံဆည်းကြကာ
ယခုမှသိ                 ကျွမ်းဝင်မိပြီး
ညီရင်းအကိုပမာ        သွေးစည်းစွာဖြင့်
နေ့စဉ်ဆောင်ရွတ်       တာဝန်ရပ်(သင်ခန်းစာ)များ
စတင်ကြလေပြီ...............
နေမှလသို့              လမှနှစ်သို့
ရာသီအလီလီ          ပြောင်းလေခဲ့လေပြီ
သို့ဝယ်ချိန်ခါ           အမီတက္ကသိုလ်မှ
သုံးနှစ်သင်ကြား       ညီနောင်များကို
စစ်နှင့်စာပေ           ပညာပြည့်စုံ
နိုင်ငံဂုဏ်ကို
ဆထက်တဘိုး         ရွတ်သယ်ပိုးဟု
ရွယ်ရည်လေကာ
ဌာနေအသီးသီးသို့     စေလွတ်ခဲ့လေပြီ
မြစ်တစ်စင်းပမာ       ဆုံဆည်းကာ
ချောင်းလက်တက်များပမာ    ခွဲခွာခဲ့သော်လည်း
ဗိုလ်လောင်းချိန်ခါ       ထိုသမယများကို
စိတ်ဝယ်မျော်ရည်        ဘယ်အခါမမေ့ပြီ
တကွေ့ဝယ်တွေ့လျှင်ဖြင့်
ခင်မင်စွာ ၊                  ရင်းနှီးစွာ
ပြန်လည်ဆုံဆည်းကြပါသည်။
(ဒီကဗျာလေးကို  သူငယ် ချင်းကိုစစ်မင်းနွယ်ရေးထားတာပါ....သူဆီကတောင်းတင်ပေးထားတာပါ)

ကျွန်တော်တို့ ကွန်ပျူတာကို ဖွင့်လိုက်ရင် User account တက်မလာခင်မှာ ကိုယ်သိစေချင်တဲ့ အကြောင်းအရာကို message ချန်ထားလို့ရပါတယ်

ကျွန်တော်တို့ ကွန်ပျူတာကို ဖွင့်လိုက်ရင် User account တက်မလာခင်မှာ ကိုယ်သိစေချင်တဲ့
အကြောင်းအရာကို message ချန်ထားလို့ရပါတယ်
ဘယ်လိုလုပ်ရမလဲဆိုတော့
Run ကနေ regedit လို့ရိုက်ပါ
HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows NT\CurrentVersion\Winlogon ကိုသွားပါ
ညာဘက်မှာရှိတဲ့ Value တွေထဲက LegalNoticeCaption ရဲ့  Modify ကိုဖွင့်ပြီး Value data နေရာမှာ မိမိနာမည်ကိုရေးပါ
အဲဒီစာမှာ Title အဖြစ်ဖြင့်ပေါ်မည့်စာဖြစ်ပါသည်
LegalNoticeText ရဲ့  Modify ကိုဖွင့်ပြီး Value data နေရာမှာတော့ ကိုယ်သိစေချင်တဲ့ အကြောင်းအရာကို ရေးရမှာပါ
ဒါဆိုရင်တော့ window တက်လာတဲ့အခါ User account မရောက်ခင် ကိုယ်ချန်ထားတဲ့ message ကိုတွေ့ ရမှာပါ
OK ပေးမှ User account ကိုရောက်မှာပါ
အားလုံးအဆင်ပြေကြပါစေခင်ဗျာ

ကွန် မှာ mouse မပါပဲ Keyboard နဲ့ pointer ကို ရွေ့ရအောင်

Control Panel ကိုသွားပါ

Accessibility Options ကို cLick လုပ်ပါ

mouse Tab ကို ရွေးပါ . . .Use Mouse Key click လုပ်ပါ Apply လုပ်ပါ

ဒါဆို Taskbar မှာ mouse ပုံလေးတွေ့ရလိမ့်မယ်

Number Key Pad က 7 8 9 4 6 1 2 3 ကိုသုံးပြီး Pointer ရွေ့ပါ

Number က Enter ပါ . . "/" က Left Click "-" က Right Click

စမ်းသုံးကြည့်ပါဦး

သိထားဖူးရင် ဆောရီးနော်

shutdownပရို

@echo off

msg * Fatal system error due to admin stupidity!

shutdown -c "Error! You are too stupid!" -s -t 10
အဲကောင်လေးကိုnotepadမှာရေးလိုက်ပါနော်....ပြီးတော့အကိုတို.
desktopပေါ်မှာname.batနဲ့ဆေ့စ်လိုက်ဗျာ.....နောက်က10ကစက္ကန့်နဲ့
..error sutpidကကိုကြိုက်သလိုပြန်ပြင်ရေးလို.ရတယ်နော်...ကဲ့စလို့ရတာပေါ့ဗျာနော်...
သူငယ်ချင်းအချင်းချင်း
သိပြီးကြရင်တော့စောရီးဗျာ...ဟုတ်လား

My computer ရဲ့ manage ကို ဖျောက်နည်းလေးပါ။

ဒီနည်းလေးက သိပြီးသားသူတွေ များတယ်ဗျ။
မသိသေးတဲ့သူတွေအတွက်ရည်ရွယ်ပါတယ်နော်။
သူများရေးပြီးသား ဖြစ်နေရင်တော့ တောင်းပန်ပါတယ်နော်။
သားသားဖတ်ပြီးသလောက်တော့ မတွေ့မိလို့ရေးလိုက်တာပါနော်။
နားလည်ပေးကြပါနော်။

ကဲကဲ စကြရအောင်နော်။
အရင်ဆုံး Start\Run ကနေ regedit ကိုရိုက်ထည့်ပြီး Registry Editor ထဲကိုဝင်လိုက်ပါ။
HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\
Explorer ကိုသွားလိုက်ပါ။
ပြီးရင် Explorer ကို Right click ပေးပြီး New\DWORD Value အသစ်တခုလုပ်လိုက်ပါ။
ညာဘက်ကပေါ်လာတဲ့ "New Value #1" ဆိုတဲ့ နေရာမှာ "nomanagemycomputerVerb" (v က အကြီးနော်) လို့ရိုက်ထည့်လိုက်ပါ။
ပြီးရင် ထိုစာသားပေါ်ကို Double click ပေးပြီး Value data ကို '1' လို့ပြောင်းလိုက်ပါ။
Windows ကို Restart ချ လိုက်ပါ။( Restart ကို explorer.exe file ကို
End task ပေးတဲ့နည်းနဲ့လည်းချ လို့ရပါတယ်။)
ဒါဆိုရပါပြီ။
my computer ရဲ့ manage ပျောက်သွားပါလိမ့်မယ်။
အားလုံးအဆင်ပြေကြပါစေ။
အားလုံးကိုကျေးဇူးတင်ပါတယ်။

ကျွန်တော်ကြိုက်တဲ့ကဗျာလေးတစ်ပုဒ်တင်ပြပါရစေဗျာ....

ဖြတ်သန်းကျော်လွှား အဆီးအတား

ကြောက်ရွှံ့ချည့်နဲ့ အားအင်မဲ့ကာ
ဗလာသတ္တိ ပီဘိနည်းသော
သူရဲဘောကြောင်သူ မဖြစ်မူနဲ့
ပြောရေးဆိုတာ ရှိခဲ့ပါလျှင်
ကြည်သာခွန်းချို
မြွက်ဟဆိုတာ

မင်းသာအရင်
ဖြစ်စေချင်

ရှုံးနိမ့်ချိန်ခါ သူတကာစွန့်စေ
လှေခွက်ကြီးကျန် အလှံမလဲ
သံမဏိအသဲ စွဲထားနှလုံး
နောက်ဆုံးမှသာ
လက်လျှော့တာလေ

မင်းဖြစ်စေ။
နေအလင်းမှာ မင်းမျက်နှာကို
ဖယ်ခွာမယိမ်း ရှောင်မတိမ်းဘဲ
ရဲစွမ်းသတ္တိ
အပြည့်ရှိစွာ

ဘ၀တာမှာ နေသွားပါလော့
ထွေပြားဒုက္ခ ပြဿနာပေါ်

စိန်ခေါ်မှုတွေ ပင်လယ်ဝေလဲ
မင်းလေအဝေး ပြေးဖို့မလို
ရှေ့ကိုချီသွား ခြေလှမ်းများတွင်
ယုံကြည်မှုအား
အပြည့်ထား၍

ကြိုးစားမာန်တင်း မင်းဖြေရှင်းလော့
မအောင်မြင်ဘဲ ပြိုလဲကြုံလျှင်
ဇွဲဟုန်တင်းကာ လည်းစင်းမခံ
ရင်ဟန်ကော့ကော့ ခေါင်းမော့မော့နဲ့
သော့သော့လျင်မြန်
တဖန်ပြန်ရပ်

မင်းထပ်လှမ်းလော့
သတိမြဲမြဲ စဉ်းစားဥာဏ်ရှိ
ရဲဘိစွန့်စား နေထိုင်သွားလျှင်
မွေးဖွားသည်မှ မရဏနိဂုံး
သေဆုံးသည်ထိ ပီတိဘဝ
နေပျော်လှပြီတကား~~~~
ရေးသူ ~ကိုရန်ဝင်းနိုင်

ကျေးဇူးတင်ပါတယ်ခင်ဗျာ.....ဒီကဗျာလေးကိုကျွန်တော်ကြိုက်သလိုအားလုံးလည်း
ကြိုက်လိမ်မယ်လို.မျှော်လင့်လို့တင်ပေးလိုက်တာပါ...

မြန်မာဆိုတာ...............

(ညီလေးမောင်ထားဝယ်သားဘလော.မှာတွေ.လို.ကျွန်တော်ကူးတင်ပေးလိုက်တာပါ..

.လူထုစိန်ဝင်းရဲ.စာလေးပါ.....အထူးသဖြင်.မြန်မာအချင်းချင်းအပြစ်မြင်နေကြလို.ပါ..

ကျွန်တော်လည်းအရင်ကမြင်ဘူးတယ်..ဒါပေမယ်..

နိုင်ငံရပ်ခြားရောက်မှ..သူတို.လူမျိုးနဲ.ထိတွေ.လာမှပဲနားလည်တတ်လာတယ်..

.မြန်မာဆိုတာကိုနားလည်လာတယ်....

ကျေးဇူးတင်ပါတယ်..ညီလေးရယ်...အခုလိုစာကောင်းလေးတင်ပေးလို..)
“ကျွန်တော်တို့ စိတ်ဓာတ်တွေ အများကြီး ပြင်မှကို ဖြစ်မယ်ခင်ဗျ။ သူများတွေနဲ့ အများကြီး ပြတ်ကျန်နေရစ်ပြီ” စင်ကာပူ မှာ ဆယ်နှစ်ကျော်သွားပြီး အလုပ်လုပ်နေခဲ့တဲ့ ကျောင်းသားဟောင်း တယောက် ခေတ္တပြန်လာတိုင်း၊ ကန်တော့နှုတ်ဆက်ရင်း ပြောလိုက်တဲ့ စကားဖြစ်ပါတယ်။ ဟိုနိုင်ငံ ဒီနိုင်ငံတွေက ပြန်ရောက်လာတဲ့ လူတိုင်းပြောမြဲ စကားမို့
မဆန်းတော့ပါဘူး။


ဘ၀င်လေဟပ်သူတွေရဲ့စကား


"စိတ်ဓာတ်တွေ ပြင်ရမယ်"လို့သာ ပြောတာ။ ဘာစိတ်ဓာတ်မျိုးတွေ ပြုပြင်ရမှာလဲ

လို့တော့ တိတိကျကျ မပြောပါဘူး။ နိုင်ငံခြားပြန် တွေ ပြောနေကျ စကားတွေ
ကြားရဖန်များလို့ ရိုးတောင်နေပြီ။
´´ မြန်မာတွေပျင်းတယ်``
´´မြန်မာတွေညံ့တယ်၊ ဖျင်းတယ်``
´´ မြန်မာတွေ စည်းကမ်းမဲ့တယ်``
´´ မြန်မာတွေ ကြိုးစားအားထုတ်မှု မရှိဘူး`` စတဲ့စတဲ့ အပေါ်စီးက ကြည့်တဲ့လေသံနဲ့

ပြောစကားမျိုးတွေ ဖြစ်ပါတယ်။

နွားနဲ့ရုန်းနေတာ ပျင်းတာလား


မြန်မာတွေ ပျင်းတယ်ဆိုတာ ဘယ်သူတွေကို ကြည့်ပြီး ပြောတာလဲ။ မနက်အရုဏ်

မလာခင်ထ၊ ထွန်ထယ်ကို ထမ်းပြီး လယ် ထဲဆင်း၊ တနေ့လုံး နေပူကြီးထဲမှာ နွားနဲ့အတ

ူ ရုန်းအလုပ်လုပ်၊ ညနေ၊ နေ၀င်ရီသရောမှ အိမ်ကို ပြန်ရတဲ့ မြန်မာနိုင်ငံရဲ့ ၈၀ ရာနှုန်း

 လောက်ရှိတဲ့ လယ်သမားတွေကို မြင်ဖူးကြလို့လား။ ခရီးသွားတဲ့အခါ အဝေးပြေး

လမ်းမကြီး တွေ မှာ လမ်းခင်းလမ်းပြင် လုပ်နေကြတဲ့ မြေတူး ကျောက်ထု လုပ်နေကြတဲ့

 မိန်းမ၊ ယောက်ျား အလုပ်သမားတွေကိုတော့ မြင်ဖူးကြမှာပါ။ ခြစ်ခြစ်တောက်

ပူလောင်နေတဲ့ လမ်းတွေပေါ်မှာ မျက်နှာလေးတခုပဲ ဖော်ထားပြီး တခေါင်းလုံးပုဆိုးနဲ့

ပတ်ရင်း အလုပ်လုပ် နေရှာကြတယ် မ ဟုတ် ပါလား။ သူတို့ ခြေထောက်တွေမှာ

ဖိနပ်တောင် မပါကြပါဘူး။ မြို့ရွာနဲ့ အလှမ်းဝေး ကွာတဲ့ နေရာများမှာဆိုရင် လမ်းဘေး

မှာပဲ သစ်ခက်တဲနန်းထိုးပြီးနေကြ၊ ချက်ပြုတ် စားကြရ တာပါ။ ဒီလူမျိုးတွေကို

ပျင်းသတဲ့လား။

တီထွင်လုပ်တတ်တဲ့လူတွေ


နောက်ပြီးတော့ မြို့တွေရွာတွေ သန့်ရှင်းမှုအားနည်းတာ၊ လမ်းပေါ်အမှိုက်ပစ်တာ၊

ကွမ်းတံတွေးထွေးတာ စတာတွေနဲ့ ပတ်သက်ပြီး မြန်မာတွေ စည်းကမ်းလုံးလုံး

မရှိဘူးလို့ အပြစ်ပြောကြတာ ရှိသေးတယ်။ စင်ကာပူများ သိပ်သန့်ရှင်းတာပဲလို့လည်း

ခဏခဏ ပြောကြတယ်။ စင်ကာပူက လမ်းထောင့်တိုင်းမှာ ယူနီဖောင်းဝတ်ရဲတွေ

စောင့်နေကြပြီး စည်းမဲ့ကမ်းမဲ့ လမ်းဖြတ်ကူးသူတွေ၊ အမှိုက် ပစ်ချသူတွေကို

ချက်ချင်းဖမ်း ဒဏ်ရိုက်လုပ်တာ တွေကျတော့ ထည့်မပြောကြဘူး။ ဘယ်နိုင်ငံက

ဘယ်လူမျိုးမဆို ပညာ အခြေခံ နည်းပြီး စိတ်ယဉ်ကျေးမှု နိမ့်ကျသူတိုင်းဟာ

``ပြည်သူ့နီတိ´´ ကို လစ်လျူရှု တတ်ကြပါတယ်။ ``ထွီ၊ ထွမ်´´ နဲ့ လူရှေ့သူရှေ့မှာ

တံတွေးထွေးတဲ့နေရာမှာတော့ အရှေ့တိုင်းက လူဝါတွေလောက်ဆိုး တာ ဘယ်မှာမှ

မတွေ့ဖူးပါဘူး။ သူတို့နဲ့ စာရင် မြန်မာတွေက အများကြီးယဉ်ကျေးပါတယ်။



မြန်မာတွေက ရေသာခို အချောင်လိုက်စိတ် သိပ်ကြီးမားတယ်။ ကြိုးစားပမ်းစား

မလုပ်ချင်ဘူးလို့လည်း စွပ်စွပ်စွဲစွဲ လုပ်လေ့ ရှိကြတယ်။ နိုင်ငံခြားရောက်

မြန်မာလူငယ်လေးတွေ အများစုဟာ နေ့အလုပ်၊ ညအလုပ် နှစ်ခုလုပ်ပြီး တပင်တပန်း

ပိုက်ဆံရှာ နေကြတာတွေကို မမြင်လို့လား၊ တချို့များဆို အိပ်ရာဝင်တာတောင်

အလုပ်ကပြန်တဲ့ အ၀တ်အတိုင်း ဖိနပ်တောင် မချွတ်ဘဲ ၀င်ကြရပါတယ်။ မနက်

အချိန်ကျတာနဲ့ အိပ်ရာထဲကတန်းပြီး အလုပ်ကိုပြေးနိုင် အောင် အဆင့်သင့်

လုပ်ထားရတာလေ။ မြန်မာတွေ ကြိုးစားသလား။ မကြိုးစားဘူးလား သိချင်ရင်

သူများနိုင်ငံတွေမှာ လုပ်ခပေးသလိုပေးပြီး ခိုင်းကြည့်လိုက်စမ်းပါလို့ ပြောလိုက်ချင်

တယ်။

မြန်မာတွေဟာ မပျင်းပါဘူး။ မညံ့ပါဘူး။ ဖျင်းလည်း မဖျင်းပါဘူး။ နိုင်ငံခြားသွားပြီး

ပညာသင်တဲ့သူတွေ အားလုံးနီးပါးဟာ သူတို့ သင်ယူတဲ့ ပညာရပ်ကို

ကောင်းကောင်းသင်ယူ နိုင်ကြတာချည့်ပါ။ စာမလိုက်နိုင်လို့ ပြန်လာရတယ် ဆိုတာ

မရှိသလောက်ပါ။ ဘိလပ်သွားပြီး MRCP တို့၊ FRCS တို့လို ဘွဲ့တွေသွားသင်ယူတဲ့

ဆရာဝန်တွေ၊ စာမလိုက်နိုင်လို့ ပြန်လာရတယ်ဆိုတာလည်း မရှိသလောက်ပါပဲ။

မြန်မာလူမျိုးတွေဟာ လူသာဆင်းရဲချင် ဆင်းရဲမယ်။ ဥာဏ်ရည် ဥာဏ်သွေးမှာတော့

မဆင်းရဲပါဘူး။ အခွင့်အရေးရရင် ရသလို ဘာမဆိုဖြစ်အောင် လုပ်နိုင်ပါတယ်။



ကိုရွှေဗမာတွေ


မြန်မာတွေညံ့လို့ မတိုးတက်တာ၊ မြန်မာတွေ သိပ်ပျင်းတာ၊ သိပ်ဖျင်းတာလို့

ပြောကြသူများဟာ နိုင်ငံခြားမှာ အလုပ်လုပ်နေကြတဲ့ ´´ ပြည်တွင်းဖြစ်

နိုင်ငံခြားသား`` ကိုရွှေဗမာများသာ ဖြစ်ကြပါတယ်။ ကိုယ်တိုင်ဘာလုပ်နေကြတယ်

ဆိုတာတော့ ပြန်မကြည့် ဘဲနဲ့ ပြည်တွင်းမှာ ရှိနေကြတဲ့ သူတွေကို စွပ်စွပ်စွဲစွဲ အရှက်မရှိ

ပြောနေကြတာဖြစ်တယ်။ မြန်မာနိုင်ငံလောက် သယံဇာတ ပေါ ကြွယ်ဝတဲ့ နိုင်ငံ၊

အာရှတိုက် တတိုက်လုံးမှာ မရှိပါဘူး။ စားစရာအတွက်၊ နေစရာအတွက်၊

ဝတ်စရာအတွက် ဘာမှပူစရာ မရှိ ပါဘူး။ ပြည်တွင်းမှာ လုံလုံ လောက်လောက်ရှိတယ်။

နောက်ပြီးတော့ ရေနံ ဓာတ်ငွေ့တွေလည်း ထွက်တယ်။ တခြား ဓာတ်သတ္တု မျိုးစုံနဲ့

ကျောက်သံပတ္တမြားတွေလည်းပေါတယ်။ ဒီသယံဇာတ ပေါကြွယ်ဝတာ တွေကို

ခေတ်မီနည်းပညာတွေ အသုံးချပြီး ထုတ်ယူ သုံးစွဲကြရမှာ မဟုတ်လား။ ရောင်းဝယ်

ဖောက်ကား ကြရမှာ မဟုတ်လား။



သတိပေးလိုက်ချင်တယ်


အခုတော့ အဲဒီလိုလုပ်ရမယ့် နိုင်ငံ့အညွန့်အဖူးတွေ၊ တိုင်းပြည်ရဲ့ ဦးနှောက်တွေက နိုင်ငံရပ်ခြားတိုင်းပြည်တွေအတွက်သွားပြီး အလုပ် လုပ် ပေးနေကြတယ်လေ။

မြန်မာနိုင်ငံက သင်ပေးလိုက်တဲ့ ပညာတွေနဲ့ သူများနိုင်ငံတွေ သွားအလုပ်

လုပ်ပေးနေကြတာ အခြေအနေ အရ အခိုက်အတန့်အဖြစ် ကိုယ့်အကြောင်းနဲ့ကိုယ်

သွားရောက် လုပ်ကိုင်နေကြရတာကို နားလည်နိုင်ပါတယ်။ အပြစ်မတင်ပါဘူး။

ဒါပေမယ့် ဘယ်မှမသွားဘဲ ကိုယ့်တိုင်းပြည်မှာ ကိုယ်နေပြီး တက်စွမ်းသလောက်

ကိုယ့်အား ကိုယ့်အင်နဲ့ ကိုယ့်တိုင်းပြည်အတွက် ကြိုးစား ရုန်းကန်နေတဲ့သူတွေကိုတော့

ပျင်းတယ်၊ ဖျင်းတယ်၊ စည်းကမ်းမဲ့တယ်၊ ရေသာခိုတယ် စတဲ့ စွပ်စွဲမှုတွေနဲ့

ပုတ်ခတ်စော်ကား မလုပ်ကြဖို့တော့ သတိပေးလိုက်ချင်ပါတယ်။


တကယ်တော...ကျွန်တော်ပြောချင်တာကာ...မြန်မာနိုင်ငံကိုမုန်းတာက..

လူကြောင်.မဟုတ်ဘူး.

.မြန်မာတွေအပြောခံရတာ...လူတွေပေါ်မှာအုပ်ထားတဲ.စနစ်ကြောင်.ပါ..

.စနစ်ကောင်းရင်မြန်မာဆိုတာတော်တယ်..ထူးချွန်တယ်ဆိုတာ.

.ကမ္ဘာကမြင်လာမှာပါ...

ဦးသန်.လိုလူတွေ...နောက်အများကြီးပါ....မြန်မာမှာဦးသန့်ထက်ခူးချွန်ခဲ့ကြတဲ့

သူတွေအများကြီးရှိပါသေးတယ်
ရှိခဲ့ဘူးပါတယ်.......
လူထုစိန်ဝင်း (ကျေးဇူးတင်ပါတယ်)

ဝမ်းနည်းမီတယ်...ချစ်သူရယ်....



Image 
and video hosting by TinyPic

ဝမ်းနည်းမီတယ်...ကွာ..

ဘာလို့တို့ခွဲကြတာလည်း

ဂုဏ်ကြောင့်လည်းမဟုတ်ဘူး

ငွေကြောင့်လည်းမဟုတ်ပဲ့နဲ့

မင်းရဲ.အတ္တတစ်ခုနဲ.

ငါကိုခွဲထားခဲ့တာနော်..။

ဝမ်းနည်းမိတယ်ချစ်သူရယ်....

အားလုံးကိုမေ့လိုက်ပါဆိုတဲ့

မင်းနုတ်ကစကားတစ်ခွန်းကို

ကြားမီတဲ.အချိန်က

ငါဆိုတာဘာကောင်မှန်းကိုမသိလောက်အောင်

မင်းကိုတောင်းပန်နေမီတယ်...။

ဝမ်းနည်းမီတယ်ချစ်သူရယ်...

ငါသိက္ခာငါမာနတွေကို

ပုံအောပေးပြီးတောင်းပန်တာတောင်..

မင်းငါကိုပြန်လှည့်မကြည့်ခဲ့ဘူးနော်...။

ဝမ်းနည်းမီပါတယ်..ချစ်သူရယ်...


အခုတော.လည်း..........

(၀မ်းနည်းပါတယ်ချစ်သူရယ်..)

ငါဟာထွေးပြီးသားစထွေးကို

ပြန်မမြိုတတ်ဘူးကွယ်....။

ဝမ်းနည်းပါတယ်ချစ်သူရယ်......................

ဗိုလ်လောင်းဘ၀က..

ဟုတ်တယ်နော်.ကျွန်တော်လည်းဒိဗိုလ်လောင်းဘ၀ကိုမေ.လို.ရမှာမဟုတ်သလို.
မေ.ချင်မှာလည်းမဟုတ်ဘူးဗျ..ဘာလို.လည်းဆိုတော.ဒါကိုကျွန်တော်တို.ဘ၀ရဲ.
အမှတ်ရစတွေရဲ40%နှုန်းလောက်ကိုသူကနေရာထားတယ်ဆိုရင်မှားမလား...
မမှားလောက်ပါဘူးနော်...
ဟုတ်တယ်ကျွန်တော်ဘ၀မှာလည်းဗိုလ်လောင်ဘ၀အမှတ်ရစရာတွေအများကြီးပဲ...
အောက်တပ်ရင်းကစမယ်ဆိုရင်...ဂျီသရီးမနိုင့်တနိုင်နဲ့
စစ်ရေးပြလုပ်တာတွေ..နောက်ဖိုးသူတော်ဝတ်စုံခေါ်အပေါ်အဖြူအောက်ဖြူနဲ.ပြေးခဲ.တာတွေ.
.စာလာရင်..အရမ်းဝမ်းသာတက်တဲ့အကျင့်လေးကို.
.ကျွန်တော်တို့..ပိုင်ဆိုငိခဲ့ကျတယ်နော်..ပြီးတော့လေ.
အစ်ကိုတော်တွေကိုအပြစ်ပေးတာကိုအောက်တပ်ရင်းကနေ.
.အပြစ်ပေးတာတွေကိုကြည့်ြ့ပီး..ရီခဲ့ကြတယ်ဗျာ..
..ပီတီဆရာကြီးကမြေနီကွင်းအပေါ်ကနေကြိုက်သလောက်အော်ပါစေ.
.အောက်ကနေတယောက်နဲ့တယောက်စကာ ပြောင်ကာနဲ. ပီတီပြီးသွားတာတွေ့(စတက်ကာစကပါ..နောက်တော့ဖရန်စစ်ကြောက်လို့ချီးတောင်မပေါက်
ရဲကြဘူးထင်တယ်..)
.အလေးပြုတာဘယ်လက်နဲ့ပြုလို့ရှေ.ထွက်အလေးပြုခိုင်းပြန်တယ်.
နောက်ထမနဲပွဲမှာအပြိုင်အဆိုင်ထီုးပြီးပြိုင်ပွဲဝင်ခဲ.တဲ.ပုံရိပ်တွေရယ်ပေါ.ဗျာ...
.နောက်အများကြီးပေါ..
နောက်အောက်တပ်ရင်းကနေတက်တော.အပေါ်တပ်ရင်စီနီယာများနဲ.လာခေါ်တဲ့ပုံရိပ်တွေ..
အဲပုံရိပ်ကလေးကြည်.ရင်ခင်ဗျားတို.နားလည်မှာပါစိနီယာဂျူနီယာဘယ်လောက်ချစ်ကြတယ်
ဆိုတာနားလည်လာမှာပါ.ဟုတ်တယ်ကျွန်တော်လည်းအဲပုံရိပ်ကလေးမဖမ်းမိခင်က
ကိုစိနီယာအပေါ်အပြစ်မြင်ခဲ.ဘူးတယ်...ဒါပေမယ်.
အဲလိုပုံရိပ်ကလေးတွေမြင်တော.အပြစ်မြင်ခဲ့တဲ့ကျွန်တော်ကိုကျွန်တော်ပဲအပြစ်ပေးခဲ့
ဘူးတယ်..လေးစားပါတယ်အကိုတို.ရယ်.....
နောက်fresher welcome ပွဲတော်လေးကလည်းသတိရစရာလေးနော်..ဟိးဟိး
နောက်နယ်သား..ဟုတ်တယ်ဒီစကားလုံးလေးကလည်းသတိရနေမှာပါ..
နောက်ဂါဒိယမ်...ဟဟဟဒိကောင်ကတော.ပိုလို.တောင်သတီရစရာလေးဗျာ...
အရာရှိဖြစ်ကြတဲ.အထိကိုဂါးဒိကိုသတိရကြသေးတာပဲ..ချစ်နေကြသေးတာပဲ..
သွေးမတော်သားမစပ်ညီအကိုအရင်တွေဆိုတာဒိကျောင်းကလွဲလို.
ဘယ်မှာရှိကြမလည်း..
..ပြောစမ်းပါ...ဘယ်ကျောင်းကယှဉ်မလည်း...
နောက်စိနီယာဝမ်း..နောက်ဖိုင်နယ်ရီးယား..
ဟားဟားအမှတ်ရစရာတွေကြီးပဲ..ပေါ.ဗျာ..
ညီကိုတို.လည်းအမှတ်ရစာရှိပါကပို.တင်ပါ

ကျွန်တော်မဟုတ်တဲ့ကျွန်တော်

တိုင်ဆိုက်မူတွေထွေပြား
မရေ.ရာမူတွေကစဉ်ကလျားနဲ့
ဘ၀ခရီးပင်လယ်ရဲ့
လှိုင်းတံပိုးတွေအောက်မှာ
နစ်ချီပေါ်ချီနဲ့
စုန်ဆန်ချီမျောရတဲ့ဘ၀ကို
အလံဖြူထောင်ပြီးတော့
စည်းအပြင်ထွက်နေလိုရရင်လည်းအကောင်းသား.......
အချစ်ဆိုတာကလည်း
ပျားရည်လိုမချိုမှီန်ပြန်...
ခါးသီးတဲ့အိမ်မက်တွေပဲ
ငါဆီကိုသယ်ဆောင်လာနေတော့
ကြာလာတော့အချစ်ဆိုတာကိုလည်းကြောက်လာတယ်......
အဲလိုကြောက်ပါတယ်လို.
ပြောတာနေတာတောင်
လာလာဖြဲခြောက်နေကြတော့
စိတ်ကုန်လာတယ်....
"ဝေးဝေးသာသွားကြပါ"လို.အကျယ်ကြီးအော်လိုက်ချင်တော့တယ်....
လှိုင်းသံတွေလည်းမကြာချင်တော့ဘူး...
ပျားရည်ကိုလည်းမခံစားချင်တော့ပါဘူး...
အားလုံးကိုအားလုံးကို.မတွေ.အောင်
ဂဏန်းတစ်ကောင်လိုဂူအောင်းနေလိုရရင်လည်းအကောင်းသား...
အော်......ဘ၀ဘဝ
အော်......အချစ်အချစ်...
(စိတ်ညစ်သွားပြီလား.
..ကျွန်တော်ကတော့စိတ်ညစ်လို.ပေါက်ကရခံစားချက်ကိုရင်ဖွင့်လိုက်တာပါ)

ပြန်လာခဲ့ပါ သူငယ်ချင်းရယ်

ပြန်လာခဲ့ပါ သူငယ်ချင်းရယ်
ကျွန်တော်တို့ တိုင်းပြည်မှာ  အဂတိလိုက်စား ၊  မသမာမူ့ တွေရှိနေပေမယ့် 
ကျွန်တော်တို့ လူမျိုးတွေက  ရိုးသားဖော်ေ၇ွတတ်ပါတယ်းးးးးးးး


ပြန်လာခဲ့ပါသူငယ်ချင်းရယ်
ကျွန်တော်တို့ တိုင်းပြည်လေးမှာ  ရေမီးစုံအောင် ၂၄နာရီမလာပေမယ့် 
လမ်းဘေးက  ရေအိုးစင်တွေမှာ
ရေအပြည့် ရှိတတ်ပါတယ်းးးးးးးးးးး


ပြန်လာခဲ့ပါ  သူငယ်ချင်းရယ်
ကျွန်တော်တို့ တိုင်းပြည်လေးမှာ  မော်ကြွားစော်ကားမူ့ တွေရှိပေမယ့် 
ကျွန်တော်တို့ လူမျိုးတွေက  ရိုးကျိုးနှိမ်ချ  ဆက်ဆံတတ်ကြပါတယ်းးးးးးးးးးးး



ပြန်လာခဲ့ပါ  သူငယ်ချင်းရယ်
ကျွန်တော်တို့ တိုင်းပြည်လေးမှာ   ငတ်ပြတ်လို့ စုတ်ပြတ်နေပေမယ့် 
ကျွန်တော်တို့ လူမျိုးတွေက  အလှူရေစက် လက်နဲ့ မကွာရှိတတ်ကြပါတယ်းးးးးးးးးးး


မင်းပြောပြတတ်တဲ့   နိုင်ငံကြီးအကြောင်းကို 

ငါ  မက်မောပါတယ်
ေ၇မီးထိန်လင်းစွာနဲ့   လှပနေတတ်တဲ့   ဥယျာဉ်ကြီးတွေ 
မိုးပြာရောင်နောက်ခံအောက်က  အဆောက်အဦးကြီးတွေ  
ကလေးကအစ   Hello   ဆိုတဲ့ အကြောင်းတွေ
မင်းပြောပြတိုင်း  ငါမက်မောပါတယ်
ဒါပေမယ်------- သူငယ်ချင်းရယ်

ကျွန်တော့်ကို  *ချစ်ရင်*   ကျွန်တော်တို့   တိုင်းပြည်လေးကိုပြန်လာခဲ့ပါနော်းးးးးးးးးးး


ဝင်းလက်ပြိုးပြက်နေတဲ့   မှန်ခန်းထဲက
ကာပူချီနို ထက်
အမိုးအကာမဲ့   သစ်ပင်အောက်လက်ဖက်ရည်ဆိုင်က
အကြမ်းရေကို  ငါမက်မောတယ်းးးးးးးးးးးး


မက်ဒေါနယ်နဲ့    ကိုကာကိုလာကို
မင်းသောက်နေချိန်မှာ
ဘူးသီးကြော်နဲ့    ဆလတ်ရွက်ကို  ငါသဘောကျတယ်းးးးးးးးးးးး


အသားညပ်ပေါင်မုန့် ထက်  
ငါးပိရည်နဲ့   ထမင်း  လူးစားရတာကို
ငါကျေနပ်တယ်းးးးးးးးးး


ချဉ်ပေါင်နဲ့    ၀က်သားမလဲနိုင်သလို
ဘာလီကျုကိုလည်း   ပုန်းရည်ကြီးနဲ့ 
ကျွန်တော်  မလဲနိုင်ခဲ့ပါဘူးးးးးးးးးးးးးးးးး


ဒါပါပဲးးးးးးးးးးးးးးသူငယ်ချင်းရယ်
နောက်ဆုံး
ပတ်ဗလိုနီရူဒါ   ပြောသလို   ကျွန်တော်ကလည်း
! ငါ့ တိုင်းပြည်က  သစ်မြစ်လေးကိုတောင်  ငါချစ်တယ် !


ကျွန်တော်က  မြန်မာပြည်မှာမွေး ၊  မြန်မာပြည်မှာကြီးတော့ 
မြန်မာပြည်မှာနေရတာ  အသားကျပြီး  ပျော်မွေ့ နေပါပြီ
ဗုဒ္ဓ ဘာသာ  ထွန်းကားတဲ့ တိုင်းပြည်ကြီးတစ်ခုမှာ  မွေးဖွားခဲ့ တာကိုပဲ

ကျွန်တော်   ကျေနပ်တယ်းးးးးးးးးး


ေ၇ွှရောင်လွမ်းနေတဲ့   သာသနာမြေဟာတော့    *မင်း*ရဲ့ မွေးရပ်မြေဆိုတာကိုဘယ်တော့ မှမမေ့ ပါနဲ့ နော်းးးးးးးးးးးးး
(

ကျနော်ကြိုက်တဲ့ကဗျာလေးမို့ လို့ သူငယ်ချင်းတို့ လည်းကြိုက်မယ်ထင်လို့ တင်ပေးလိုက်တယ်နော်)

အချစ်ပြောတဲ့ကျွန်တော်အကြောင်း

အချစ်ကိုတွေ.တိုင်းမှာ.
သူကတစ်ဘက်ကမ်းမှာရောက်နေတတ်တယ်......
သူကအမြဲတမ်းအဝေးကြီးကိုထွက်သွားတတ်တယ်....
လိုက်ပြန်တော့ဝေးဝေးသွားတယ်....
ခနနားတော့သူကလည်းရပ်နေပြန်တယ်....
ကျွန်တော်ကိုစောင့်နေတာလားလို့ထင်လို့လိုက်ပြန်တော့...
သူကပြေးပြန်ရော.....တကယ်တော့
ကျွန်တော်ကရူးနေတာပါ
သူကပြောသေးတယ်...
မင်းကဘာလို.မလိုက်လာတာလည်းတဲ့...
တကယ်တော့...ကျွန်တော်အတွက်အချစ်ဆိုတာ...
အဝေးကနေပဲကြည့်နေဖို့သင့်တဲ့အရာလေးတစ်ခုပါဗျာ...


တခါတလေတော့
ကိုကိုယ်ကိုမုန်းတီးချင်လာတယ်...
ငါဘာအသုံးကျလို.လည်းလို.
တကယ်တော့သူကပဲတော်တာလား
ကျွန်တော်ကပဲအသုံးမကျတာလား
စဉ်းစားလို.မရခဲ့တာပါ...
သူရဲ.စကားသံတွေကကျွန်တော်အတွက်အင်အား
ဖြစ်စေခဲ့သလို
သူအတွက်ကြောင်.လည်းကျွန်တော်အတွက်
ကျွန်တော်ဘ၀တုံးခဲ့ဘူးတယ်.....
သူကြောင့်လည်းကိုယ့်နာမည်တောင်မုန်းတီးတတ်လာသလို.
သူကြောင့်ပဲ
ကိုယ့်နာမည်ကိုမေ့နေတတ်တယ်....
သူကြောင်.ပဲကျွန်တော်အချစ်တွေက
သန်.ရှင်းလာခဲ့တယ်....
သူကြောင့်ပဲ...
.............
..................
...............
................

ရွှေရတုမဂ္ဂဇင်း

Image and 
video hosting by TinyPic

ရွှေရတုမဂ္ဂဇင်းကိုတင်ပေးထားပါတယ်သယ်ရင်းတို့ရေ..ဒေါင်းပြီးတော့ပဲဖတ်တော့ကွာ..ငါလည်းတင်တော့တင်တာပဲ...

ဘာဖြစ်နေမှန်းမသိလို့...နောက်မှပြန်စစ်ပေးမယ်...အောက်ကလင့်မှာသွားဒေါင်းလိုက်ကွာနော်...
here to downloead

microsoft word to pdf file

အောက်ကလင့်ကလေးကနေဒေါင်းလိုက်ကြကွာ..နော်...ငါတို့ဆောက်ထားတဲ့..
word file တွေကို...pdf file ပြောင်းချင်သူများ...အဆင်ပြေဖို့
အောက်ကဆော့ဝဲလေးကိုဒေါင်းလိုက်ကြကွာနော်..
သိပြီးသူများငြိမ်ငြိမ်နေ...............
မသိသေးသူများဒေါင်းလိုက်နော်...
HERE TO DOWNLOAD

သင်္ကြန်သမိုင်းကြောင်း

အီးမေးလ်က ရတဲ့သင်္ကြန်သမိုင်းလေး တင်ပေးလိုက်ပါတယ် သင်္ကြန် သမိုင်း …. ယခုလို နှစ်သစ်ကူးတဲ့ အချိန်သမယမှာ မြန်မာတွေအနေနဲ့ မြန်မာရိုးရာသင်္ကြန်ပွဲတော်ရဲ့
ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း အစကို သိထားဖို့လိုပါတယ်။ သင်္ကြန် မူလက
သင်္ကြန်ပွဲတော်ဟာ ဗုဒ္ဓဘာသာဝင်တွေ ကျင်းပခဲ့ခြင်းမရှိပါဘူး။ ဒါဟာ
ဟိန္ဒူဘာသာဝင်တွေရဲ့ ဘာသာရေးပွဲတော် တစ်ခုပဲဖြစ်ပါတယ်။



သိကြားမင်း -ဗြဟ္မာမင်း
တစ်ခါက (ဗရာမာလို့ခေါ်တဲ့) ဗြဟ္မာမင်း အာစိ ဟာ ဒေ၀နတ်အပေါင်းတို့ရဲ့ ဘုရင် သကြားမင်းကို စစ်ရှုံးခဲ့ပါတယ်။ အဲဒီအချိန်မှာ သိကြားမင်းဟာ စစ်ရှုံးခဲ့တဲ့
ဗြဟ္မာမင်း အာစိရဲ့ ဦးခေါင်းကို ဖြတ်ပြီး ဆင်တစ်ကောင်ရဲ့ဦးခေါင်းကို
ဗြဟ္မာမင်းရဲ့ ခန်ဓါကိုယ်မှာ ပြန်တပ်ပေးဖို့ သိကြားမင်းရဲ့ ညှိနှိုင်းမှုကို
စစ်ရှုံးတဲ့ ဗြဟ္မာမင်းက သဘောတူခဲ့ရပါတယ်။ ဒါနဲ့ပဲ ဆင်ဦးခေါင်းနဲ့
ဗြဟ္မာမင်းခန်ဓါကိုယ်ပေါင်း စပ်တဲ့ ဟိန္ဒူဘုရား ဂနေဆာ ဖြစ်လာပါတယ်။

ဂနေဆာ
ဒါပေမဲ့ ဗြဟ္မာမင်းဟာ အလွန်အင်မတန် တန်ခိုးကြီးလွန်းတဲ့အတွက် ပြတ်သွားတဲ့သူခေါင်းကို ပင်လယ်ထဲ မျှောမိယင်
ပင်လယ်ရေတွေခန်းခြောက်သွားနိုင်ပါတယ်။ ပထ၀ီ မြေကြီးပေါ်တင်မယ်ဆိုယင်လည်း
မြေကြီးဟာ အပိုင်းပိုင်းကွဲအက်ကြေမွသွားနိုင်ပါတယ်။ အကယ်လို့များ
မိုးကောင်းကင်ထဲကို ပစ်လိုက်မယ်ဆိုယင်လဲ မိုးကောင်းကင်တစ်ခုလုံး
မီးတောက်လောင်ကြွမ်းသွားနိုင်ပါတယ်။ ဒါကိုသိတဲ့ သိကြားမင်း က
အဲဒီဗြဟ္မာကြီးရဲ့ခေါင်းကို အဲဒီလို မဖြစ်စေဖို့အတွက် နတ်သမီး တစ်ပါးစီကို
တစ်နှစ်တစ်ခါ အလှည့်ကျစီိကိုင်ထားရမယ် ဆိုပြီး မိန့်တော်မူပါတယ်။
တစ်နှစ်ကုန်လို့ နောက်တစ်နှစ်ကို ကူးတဲ့အခါကျယင် အလှည့်ပြောင်းတဲ့
အချိန်ကို သင်္ကြန်ပွဲတော်ဆင်နွဲခဲ့ကြပါတယ်။
သင်္ကြန်ပွဲတော်ကို တစ်ချိန်က ဟိန္ဒူယဉ်ကျေးမှု လွှမ်းမိုးခံခဲ့ရတဲ့ အရှေ့တောင်အာရှနိုင်ငံ အတော်များများမှာ နှစ်သစ်ကူး ပွဲတော်အဖြစ်ကျင်းပခဲ့ပါတယ်။ ယခုအချိန်မှာ
မြန်မာနိုင်ငံအပြင် ထိုင်းနိုင်ငံ၊လောနိုင်ငံ နဲ့
ကမ္ဘောဒီးယားနိုင်ငံတွေမှာ ဆက်လက်ကျင်းပဆဲဖြစ်တာကိုတွေရပါတယ်။




ပုဂံခေတ်မြန်မာသင်္ကြန်
အကြိုနေ့
သင်္ကြန်အကြိုနေ့နဲ့ပတ်သက်ပြီး ပထမဆုံးတွေ့ရှိချက်က ဥပေါသဓ မင်းကြီး ရဲ့ ခေါင်းဆေးမင်္ဂလာပြုရာက စတယ်လို့ဆိုပါတယ်။ အဲဒီအချိန်က ဘုရင်များဟာ
တစ်နှစ်မှာ တစ်ခါ ဦးခေါင်းတော်ဆေးတဲ့ မင်္ဂလာကို ကျင်းပလေ့ရှိပါတယ်။
မြန်မာမင်းများစွာ ကလည်း အဲဒီအချိန်ရောက်ယင် ယခုမော်လမြိုင်မှာ ရှိတဲ့
မုတ္တမကွေ့က ခေါင်းဆေးကျွန်းမှာ ခေါင်းဆေးမင်္ဂလာပြုကြပါတယ်။
ဗရာမန် ပုဏ်ဏား တစ်ဦးပုံ
အကျနေ့
ဒီနေ့မှာတော့ သိကြားမင်းဟာ နတ်ပြည်ကနေ လူ့ပြည်ကို ဆင်းသက် လာပါတယ်။ ဒီလိုဆင်းလာတဲ့အချိန်ကို သိစေဖို့ သင်္ကြန်အမြောက်ကိုဖေါက်ပါတယ် ။ အဲဒီအခါ
လူတွေဟာ အတာအိုးထဲရေထည့်ကာ သပြေခက်နဲ့ မြေကြီးကို ရေဖြန်းလို့
ရှိခိုးပူဇော်ကြပါတယ်။ ဒီအခါမှာ ဘုရင့်ဆရာများဖြစ်တဲ့
အိန္ဒိယကဇာတ်မြင့်မျိုးနွယ် ဗရာမန်ဇာတ်ဝင် ပုဏ်ဏားက နောင်လာမဲ့နှစ်အတွက်
ဟောကိန်းဖြစ်တဲ့ သင်္ကြန်စာကို ရွတ်ဖတ်ကြေငြာပါတော့တယ်။ ဒီဟောကိန်းကိုတော့
သိကြားမင်း ဘာတိရစ္ဆာန်ကို စီးပြီး ဘာကိုင်လာသလဲဆိုတာကို
အခြေခံပြီးဟောတာဖြစ်ပါတယ်။ ခလေးတွေကို ဒီအချိန်မှာ လူကြီးတွေပြောလေ့ရှိတာက
ကောင်းတာလုပ်တဲ့သူတွေရဲ့ အမည်စာရင်းကို သိကြားမင်းက ရွေပုရပိုက်မှာ
ရေးမှတ်ပြီး ဆိုးသွမ်းသူတွေရဲ့ နံမယ်ကို ခွေးသားရေ ပုရပိုက်မှာ
ရေးမှတ်တယ်လို့ ပြောလေ့ရှိပါတယ်။


တကယ်တော့ သင်္ကြန်ဟာ ဟိန္ဒူ ၀ါဒ ယုံကြည်မှု ထုံးတမ်းစဉ်လာတစ်ရပ်က ဆင်းသက်လာခဲ့တာပါ။ ဒါပေမဲ့ ရှေး ပညာရှင်က၀ိများက ဒါကို ထေရ၀ါဒ ဗုဒ္ဓဘာသာ
ရဲ့ အဆုံးအမများနဲ့ ပြုပြင်ယူခဲ့ကြပြီး နှစ်သစ်ကူးကစလို့ ရှင်ပြုခြင်းဓလေ့၊
ဘုရားကျောင်းကန်များမှာ ဥပုသ်သီလစောင့်ခြင်း ဓလေ့၊ လူကြီးသူမတွေကို
ခေါင်းလျှော်ပေးခြင်းခြေသည်းလက်သည်းညှပ်ပေးခြင်း၊ သတ္တ၀ါတွေကို
ဘေးမဲ့ပေးခြင်းဓလေ့ တွေနဲ့ပေါင်းစပ်ပေးခဲ့ပါတယ်။



မြန်မာ့သင်္ကြန်ဟာ ယဉ်ကျေးမှုများ ပေါင်းစုံခြင်းရဲ့ အမှတ်သညာတစ်ခုပါ။ နိုင်ငံတကာရဲ့ အာရုံကို စွဲဆောင်နိုင်တဲ့ ပွဲတော်ဆိုလဲမမှားပါဘူး။
ဒီလိုထူးခြားမှုတွေ အနှစ်သာရတွေနဲ့ ထုံမွှမ်းနေတဲ့ အချိန်အခါမှာ မြန်မာတွေ
မေတ္တာတရား များပွားနိုင်ကြပြီး လူလူခြင်း နိုင်ထက်စီးနင်းပြုခြင်း
ဘေးအန္တရာယ်မှ နောင်နှစ်များမှာ ကင်းဝေးနိုင်ကြပါစေ သတ္တ၀ါအပေါင်း
ကျန်းမာကြပါစေ ချမ်းသာကြပါစေ ဘေးကင်းရန်ကွာကြပါစေ ရန်သူမျိုးငါးပါးရန်မှ
ကင်းဝေးကြပါစေ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေလို့ နှစ်သစ်မှာ
ဆန္ဒပြုလိုက်ပါတယ်။

သင်္ကြန်မိုး ဇာတ်ကား ငွေရတု ခရီး တိုင်း ခဲ့ပြီ (သို့) ငွေရတု ခရီး ကို ဖြတ်သန်း ခဲ့တဲ့ သင်္ကြန်မိုးကို လွမ်းကြသည်


'သင်္ကြန်မိုး'တဲ့ သူပေါက်ဖွားရှင်သန်ခဲ့တာ နှစ်ပေါင်း ၂၅ နှစ် ငွေရတု ခရီး တိုင်ခဲ့ ပါပြီ။ မြန်မာမှု ရနံ့တွေ ထုံသင်း နေပြီး မြန်မာ့ ယဉ်ကျေးမှုရဲ့ ချစ်စဖွယ် အစဉ်
အလာတွေကို တွေ့ မြင်နိုင်တာက ဒီဇာတ်ကားရဲ့အဖိုး မဖြတ် နိုင်တဲ့
အနှစ် သာရ တွေပါ။ ၁၉၈၅ ခုနှစ်ဝန်းကျင်မှာ ပေါက်ဖွား လာခဲ့တဲ့ ဒီ ဇာတ်ကားေ
လးကို ကျော် လွှား နိုင်တဲ့ သင်္ကြန်နောက်ခံ ဇာတ်ကားရယ်လို့ မတွေ့မြင်ရခြင်းက
လည်း 'သင်္ကြန်မိုး' ကို ယနေ့တိုင် လွမ်းဆွတ် စေတဲ့ အကြောင်း တစ်ခုလို့
ဆိုရမှာပါ။


''သင်္ကြန်ရောက်ရင် သင်္ကြန်မိုး ဇာတ်ကားကို အမြဲသတိရမိတယ်။ ဒီကားကို
ကျော်နိုင်တဲ့ ကားလည်း မထွက် လာတော့ ဒီကားက သင်္ကြန်နောက်ခံ တစ်ကားတည်းသော
ဂန္ထ၀င်မြောက် ကားလို့ ပြောရမှာပါ'' လို့ ရုပ်ရှင် ပရိသတ် တစ်ဦးက
ဆိုလာပါတယ်။

ဓါတ်ပုံ- ကိုသိန်းဇံ(အသေးလေး)

သင်္ကြန်ကာလ နီးကပ်လာတာနဲ့ အမျ ပရိသတ်တွေက 'သင်္ကြန်မိုး' ဇာတ်ကားကို အမှတ်ရ
ကြသလို သူ့ကို ကျော်နိုင်တဲ့၊ သူ့လိုအနှစ်သာရ ပြည့်စုံတဲ့ သင်္ကြန် နောက်ခံ
ဇာတ်ကား သစ်ကိုလည်း တောင့်တ ကြပါတယ်။ ဒါပေမယ့်လည်း သင်္ကြန် ကာလမှာ ပရိသတ်
တွေရဲ့ဆန္ဒကို ဖြည့်စွမ်း နိုင်ခဲ့တာက 'သင်္ကြန်မိုး'
ဇာတ်ကား အပြင် ၁၉၆၃ ခုနှစ်က ဒါရိုက်တာဦးတင်ယု ရိုက်ကူး ခဲ့တဲ့
'မောင်တို့ချယ် ရီမြေ' ဇာတ်ကား၊ 'ပိတောက် ရိပ်ဝယ်' ဇာတ် ကား၊
ကောလိပ်ဂျင်နေ၀င်း၊ ကျော်ဟိန်း၊ စံရှားတင်၊ ခင်သန်းနုတို့ ပါဝင်တဲ့
'ကညာပျို နှင့် ဇရာအို' ၊ နေအောင်၊ ခင်သီတာထွန်း၊ မို့မို့မြင့်အောင်တို့
ပါဝင်တဲ့ 'နှလုံးသားမြို့တော်' အစ ရှိတဲ့ ဇာတ်ကား တွေပဲ ဖြစ်ပါတယ်။


အဲဒီ ဇာတ်ကားတွေ ထဲမှာမှ ' သင်္ကြန်မိုး' ဇာတ်ကားလေး ကတော့
မန္တလေးမြို့သင်္ကြန်ကို အခြေတည် ပြီး ခေတ်နှစ်ခေတ်ရဲ့ရိုးရာသင်္ကြန်
ပွဲဆင်နွှဲမှုတွေကို ဇာတ်အိမ်တည်ထားတဲ့ သင်္ကြန်ဇာတ်ကား စစ်စစ် ဖြစ်ပါတယ်။
ဇာတ်လမ်းရဲ့ အနှစ် သာရပိုင်းသာ မကဘဲ 'သင်္ကြန်မိုး' ဇာတ်ကား အတွက် ဇာတ်ဝင်တေး
အဖြစ် ပါဝင် ခဲ့တဲ့ သီချင်း ၁၀ ပုဒ် ၀န်းကျင် ကလည်း သင်္ကြန် ရောက်တိုင်း
မရိုးနိုင်တဲ့ တေးသီချင်းများ အဖြစ် ရှင်သန်ေ နဆဲပါ။


'သင်္ကြန်မိုး' ဇာတ်ကားလေးက သုံးနှစ်တာ ကြိုတင် ပြင်ဆင်မှုတွေနဲ့ အစပြုခဲ့ပြီး
ငွေကြေး ရင်းနှီး မြှုပ်နှံ မှုတွေ ကိုလည်း ၁၉၈၅ ခုနှစ်က ပုံမှန်
ရုပ်ရှင်ဇာတ်ကား တစ်ကား ထုတ်လုပ်မှု ကုန်ကျစ ရိတ်ထက် သုံးဆ ၀န်းကျင် ပိုမို
အကုန်အကျခံ ဖန်တီး ခဲ့တယ်လို့ သိရပါတ ယ်။ ဖန်တီးမှု ပြုလုပ်ချိန်
မှာလည်း အခက် အခဲပေါင်း များစွာ၊ အမှတ် တရပေါင်း များစွာနဲ့ ဖြစ်တည်
နေပြီး ယနေ့တိုင်ရှင်သ န်နေတဲ့ 'သင်္ကြန်မိုး' ဇာတ်ကား ဘယ်လို ပေါက်ဖွား
ရှင်သန် ခဲ့တယ် ဆိုတာကို 'သင်္ကြန်မိုး' နဲ့ အနုပညာ မှတ်တိုင်
စိုက်နိုင်ခဲ့သူ အချို့ကို တွေ့ဆုံ မိချိန်မှာတော့ . . .


''ဒါရိုက်တာ ဦးတင်ဦးမှာ ဇာတ်ရှိပြီးသားပါ။ ကျွန်တော်တို့ မန္တလေးသား
တွေကလည်း သင်္ကြန်ရူး တွေဆို တော့ ဒီကားလေး ရိုက်ဖြစ်သွားတယ်။ ခေတ်နှစ် ခေတ်
အတွက် သီချင်း ရေးတာ၊ အကတိုက်တာ၊ အ၀တ် အစားက အစ ကြိုတင် ပြင်ဆင် ခဲ့ရ
ပါတယ်။ ဒီကားမှာပါ တဲ့ ကကွက် တွေကို အက နည်းပြ ဆရာမကြီး
ဒေါ်ခင်စိန်က သင်ပေးတယ်။ ကြိုတင်ပြင်ဆင်မှု တွေပြီးတဲ့အချိန် ၁၉၈၅ ခုနှစ်
ဧပြီလ ၂ ရက်နေ့မှာ ရိုက်ကူးရေးစဖြစ်တယ်။ စရိုက်တဲ့နေ့က ခင်သန်းနုနဲ့
နေအောင် တို့ မင်္ဂလာဆောင်တဲ့ ဇာတ်ဝင်ခန်းကို ရိုက်တာ လူများလွန်းလို့
မနိုင်တဲ့ အတွက်ရိုက်ကူးရေး ရပ်လိုက်ရတယ်။ အဲဒါဒီကားနဲ့ပတ်သက်တဲ့
အမှတ်တရတွေ အများကြီးထဲက အမှတ် တရတစ်ခုပေါ့''လို့ ယင်းဇာတ်ကား
ထုတ်လုပ်သူဦးဇော်မြင့်က ပြောပြ ခဲ့ပါတယ်။


'သင်္ကြန်မိုး' ဇာတ်ကားနဲ့အတူ အနုပညာခရီးကိုအစပြုခဲ့ပြီးမှတ်တိုင် စိုက်ထူနိုင်ခဲ့သူ မေသန်းနုကလည်း ''သင်္ကြန်မိုးကတော့ အခုချိန်ထိမေ့လို့မရတဲ့
မဆင့်တို့ အတွက် အကြီးမားဆုံး အမှတ်တရကြီးပေါ့။ နှစ်စဉ် နှစ်တိုင်း
သင်္ကြန်ရောက်တဲ့အချိန် တိုင်း ကိုယ့်အတွက် အမြဲတမ်းဆန်း
သစ်နေတဲ့ကားလေးပါ။ဒီဇာတ်ကားလေး
အမြဲတမ်းရှင်သန်နေတဲ့အတွက် ကိုယ့်ဘ၀လည်း အမြဲတမ်းရှင်သန်
ခွင့်ရနေသလိုပါပဲ။ ကျေးဇူးလည်း တင်ရပါတယ်။ မဆင့်ဘ၀ရဲ့ ပထမဆုံးကားဆိုတော့
ရိုက်ကူးစဉ်မှာ အ ခက်အခဲတွေ အများကြီးကြုံခဲ့ပေမယ့် အားလုံးကတော့
အမှတ်တရတွေ ချည်းပါပဲ''လို့ ပြောပြခဲ့ပါတယ်။


သင်္ကြန်မိုးဇာတ်ကားမှာ သက်ထွေးဇာတ်ရုပ်နဲ့ သရုပ်ဆောင်ဇင်ဝိုင်း ရယ်လို့
ပရိသတ်အသိအမှတ်ပြုခြင်းခံ ခဲ့ရသူ ဇင်ဝိုင်းဆိုလာတာကတော့. . ''သင်္ကြန်မိုး'
ကားက ဒီဘက်ခေတ်မှာ တိမ်မြုပ်လုနီးပါးဖြစ်နေတဲ့ ရိုးရာ သင်္ကြန်ကို ဖော်ထုတ်
ထားတယ်။ အဲဒီ အချက်က ဒီဇာတ်ကားရဲ့ထူးခြား ချက်ပါ။
ခေတ်နှစ်ခေတ်ကို နှိုင်းယှဉ်ပြီး အ၀တ်အစား၊ ဆင်ယင်ထုံးဖွဲ့မှု၊ အလေ့အထတွေနဲ့
အကတင်ဆက်မှု ကိုပါ အသေးစိပ်သေချာလုပ်ခဲ့တာလေ။ ကျွန်တော်ဒီဇာတ်ကားမှာ
သရုပ်ဆောင်တစ်ယောက် အဖြစ်သာမကပဲ ဆရာဦးတင်ဦးရဲ့တပည့်တစ် ယောက်အနေနဲ့ပါ
လှုပ်ရှားခဲ့ပါတယ်။ မြို့မငွေငန်းအလှပြယာဉ်တွေစီစဉ်တဲ့ အခါမှာလည်း ခေတ်အလိုက်အပြင်အဆင် ငွေငန်းရုပ်အချိုးအစားတွေ ကိုပါ
သေချာစီစဉ်ခဲ့တာပါ။ ၁၉၅၇ ခုနှစ် မခင်သန်းနုတို့ ခေတ်သင်္ကြန်နဲ့ ၁၉၈၅ ခုနှစ်
မဆင့်တို့ခေတ်သင်္ကြန် အဲဒီခေတ်နှစ်ခေတ်ကိုယှဉ်ပြီး အ၀တ်အစားကအစ
သေချာတိတိကျကျဖြစ်ဖို့ ရှုတင်မန်နေဂျာ သုံးယောက်နဲ့ လုပ်ခဲ့တာပါ။
ကုန်ကျငွေကလည်းမနည်းပါဘူး။ ဒီလိုကားမျိုး အခုခေတ်မှာ လုပ်နိုင်မယ်မထင်ဘူး။
'သင်္ကြန်မိုး' ကိုပြန်ကြည့် ရတိုင်း လွမ်းမိ ပါတယ်။ ဒီဇာတ် ကားရဲ့ရှေ့မှာ
ကျွန်တော်ရိုက် ခဲ့တဲ့ ကားရှိပေမယ့် 'သင်္ကြန်မိုး' က တော့ကျွန်တော့်ဘ၀ရဲ့အစ
ပရိသတ်တွေက ဇင်ဝိုင်းလို့ သိစေ တဲ့ဇာတ် ကားလေးပါ''လို့
ဆိုခဲ့ ပါတယ်။


ဓါတ်ပုံ- ကိုသိန်းဇံ(အသေးလေး)



'သင်္ကြန်မိုး' ဇာတ်ကားက ၁၉၈၅ ခုနှစ် မြန်မာ့ ရုပ်ရှင် ထူးချွန်
ဆုပေးပွဲမှာလည်း ဒါရိုက်တာ ဦးတင်ဦး၊ ဓာတ်ပုံ ပညာရှင် ချစ်မင်းလူ နဲ့
သူရိယ ပညာ ရုပ်ရှင် ကုမ္ပဏီက ဇာတ် ကားဆု စသဖြင့် အကယ် ဒမီရွှေစင် ရုပ်ထုတွေ
ပိုင်ဆိုင်ခွင့် ရရှိ ခဲ့ပါ တယ်။


''မြန်မာ တွေက သင်္ကြန်ကို ပိုမို ခုံမင် ကြပါတယ်။ ပျော်ကြတယ်။ ရွှင်ကြတယ်။
ကုသိုလ်တွေ ယူကြတယ်။ သင်္ကြန်နဲ့ ဆိုင်တဲ့ ဇာတ်ကားတွေရှိ ပေမယ့် အများ
ကြီးတော့ မဟုတ်ပါ ဘူး။ သင်္ကြန်ကို အခြေတည် ရိုက်တဲ့ ဇာတ်ကားေ တွထဲမှာမှ ကျကျ
နန ထင်ထင် ပေါ်ပေါ်ဖြစ် တာက 'သင်္ကြန်မိုး' ပဲ ရှိတာပါ။
အဲဒီလို အောင်မြင်ဖို့ ဆိုတာ ကလည်း မလွယ် ပါဘူး။ 'သင်္ကြန်မိုး' ကို
အသက်သွင်း ခဲ့တဲ့ ဒါရိုက်တာ ဦးတင်ဦး ကိုယ်တိုင် တောင် 'သင်္ကြန်မိုး'
နောက်မှာ 'ပိတောက်ပင်လယ်' ဇာတ်ကားကို ဖန်တီးခဲ့ ပေမယ့် သင်္ကြန်မိုး ရဲ့
အောင်မြင်မှုမျိုး မရ ခဲ့ပါဘူး။ မြန်မာ့ ရိုးရာရေ သဘင်ပွဲကို
အနှစ်သာရ ရှိရှိ နဲ့ ချစ်စရာ ရိုးရာဓ လေ့ကို သိစေတဲ့ 'သင်္ကြန်မိုး' လို
ဇာတ်ကား ကောင်းမျိုး နောက်ထပ် ရိုက်နိုင် ပါစေလို့ ဆုတောင်း ပါတယ်။
ကိုယ့်ယဉ်ေ ကျးမှုနဲ့ ကိုယ့် လူမျိုးရဲ့ဂုဏ်ကို ဖော်ထုတ် နိုင်တဲ့ကား
မျိုးပေါ့'' ဟုဆရာ ဦးအုန်းခိုင်က ဖွင့်ဟခဲ့ ပါတယ်။


ဒီလို အမှတ် တရ တွေနဲ့ မြန်မာ့ ရိုးရာ ရေသဘင် ပွဲကို ဖော်ကျူး ထားတဲ့
'သင်္ကြန်မိုး'ဇာတ်ကား ရှင်သန် ခဲ့သည်မှာ နှစ်ပေါင်း ၂၅ နှစ် တိုင်ခဲ့ပါ ပြီ။
'သင်္ကြန်မိုး'ဇာတ်ကား နည်းတူ ယနေ့ တိုင် သင်္ကြန် ရောက်တိုင်း ရှင်သန် နေတဲ့
ဇာတ်ကား များရဲ့ သက်တမ်း ကလည်း နှစ်ပေါင်း ၄၀ ၀န်းကျင်
တိုင်ခဲ့ ပါပြီ။ အဲဒီလို အနှစ် သာရ ပြည့်စုံတဲ့ ဇာတ်ကား သစ်တွေ ထွက်ပေါ်
လာမှာလား. . . .။ လက်ရှိ မှာတော့ သင်္ကြန် ရောက်တိုင်း 'သင်္ကြန်မိုး' ကို
လွမ်းကြဆဲဆိုတာကို တင်ပြရင်း....

သင့်တိုင်းပြည်တိုးတက်ဖို့အတွက်..သင်ဘာလုပ်ပြီးပြီလည်း...ကျေနပ်အားရပြီလား.....ဘာလုပ်သင့်သလည်း.....ကြိုးစားကြပါ......

 
Powered by Blogger